JUST DO IT!!

JUST DO IT!!
NLD ၏ ရွှေဂုံတိုင် ကြေညာစာတမ်း အခိုင်အမာ ထောက်ခံဝန်းရံကြ လူထုခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးရေး၊ ၂ဝဝ၈ အခြေခံဥပဒေ သုံးသပ်ပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပရေး၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး

အမျုိးသားဒီမိုကေရစီအဖွဲ့ချုပ် ဥက္ကဌ ေဒါ်ေအာင်ဆန်းစုြကည်ရဲ့ ပါတီမဲဆွယ် စည်းရံုးေရးမိန့်ခွန်း

NLD(LA)JB မှ ဦးဆောင်၍ စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲ လုံးဝအသိအမတ်ြမူပြ ချီတက်ဆန္ဒပြပွဲ ( ဂျပန်)

စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲခေါင်းစဉ်နဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေတွေ ကိုလုံးဝလက်မခံ အသိအမတ်ြမူပဘြူး လို့ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်းအားစုများ အင်အား (၂၀၀) ကျော်ခန့် ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ပါတယ်။

ဟံသာဝတီ ဦးဝင်းတင်၏ အသက် ၈၀ ပြည့် အထိမ်းအမှတ်

ဟံသာဝတီ ဦးဝင်းတင်၏ အသက် ၈၀ ပြည့် အထိမ်းအမှတ်

“ဘာလဲဟဲ့ လူ့ငရဲ”

မြန်မာနိုင်ငံတွင် နိုင်ငံရေးသမား လုပ်ချင်လျှင် ဦးဝင်းတင်၏ ခေတ်သစ် ထောင်ဋီကာ ဖြစ်သော “ဘာလဲဟဲ့ လူ့ငရဲ”ကို ဖတ်ဖြစ်အောင် ဖတ် 28299402-U-Win-Tin-s-book

(၂၂) နှစ်မြောက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ (တိုကျို၊ ဂျပန်) (ဓာတ်ပုံ)

(၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တိုကျို ဂျပန်

NLD(LA)JBမှ ကြီးမှုးကျင်းပသော (၈၉)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား

၈-၁၁-၂၀၀၉ တနင်္ဂနွေနေ့ တိုကျို၊ အိခဲဘုကုရို တိုရှီမာကု ကူမင်စင်တာ (၄) ထပ်တွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ကြီးမှုးကျင်းပသော (၈၉)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကိုဂျပန်ရောက်မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများ အဖွဲ့အစည်းအသီးသီး မှဧည့်သည်တော်များတက်ရောက် အမှာစကားပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ(၂၁) နှစ်ပြည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အောက်မေ့ ဖွယ်အခမ်းအနား

လွန်ခဲ့တဲ့ ၂၁ နှစ် သြဂုတ်လ ၈ ရက်နေ့က သွေးမြေကျခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု(ရှစ်လေးလုံးအရေးတော်ပုံကြီး) အတွက် အောက်မေ့ ဖွယ်အခမ်းအနားနှင့်အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုတာတွေ အပါအ၀င် မြန်မာ စစ်အစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့သောဂျပန်နိုင်ငံရောက် ဒီမိုကရေစီလူပ်ရှား သူများ ဂျပန်အလုပ်သမားသမဂ္ဂများ ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်း များ၊စုစုပေါင်း လူဦးရေတထောင်ကျော်ခန့် တက်ရောက်ခဲ့ပြီး ချီတက်ဆန္ဒပြခဲ့ကြပါသည်။

တနုံ့နုံ့ ခံစားနေခဲ့ရတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး ဘယ်တော့မှ မမေ့ကြနဲ့

(၄၇) နှစ်မြောက် ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံ ဂျပန်နိုင်ငံ နအဖအခွန်ရုံးရှေတွင် ကျင်းပခြင်း

စစ်အာဏာရှင်စနစ်တည်ရှိသရွေ့ ကျောင်းသားစိတ်ဓာတ် မည်သည့်အခါမှ ကွယ်ပျောက်သွားမည်မဟုတ်ကြောင်း ယနေ့ ကျရောက်သည့် (၄၇) နှစ်မြောက် ဆဲဗင်းဂျူလိုင် အခမ်းအနားတွင်ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်းအားစုများ အင်အား (၂၀၀) ကျော်ခန့် ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ပါတယ်။

NLD(LA)JBမှ ဒီပဲယင်းအကြမ်းဖက်မှု ၆ နှစ်ပြည့် ၀မ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပခြင်း

မေ(၃၀) ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး (၆) နှစ်ပြည့် ၀မ်းနည်းခြင်းအထိမ်းအမှတ်တောင်းဆိုပွဲကို NLD(LA)JBမှ ဦးစီးကျင်းပခဲ့ပြီး ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်းအားစုများ အင်အား (၂၀၀) ခန့် ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ပါတယ်။

NLD(LA)JB မှ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ် ဂျပန်နိုင်ငံတွင် ချီတက်ဆန္ဒပြ

မေလ ၂၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်ဖြင့် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိနိုင်ငံခြားရေးရုံးသို့ လှည့်လည် ဆန္ဒပြခဲ့ရာ ဂျပန် အဖွဲ့အစည်းအသီးသီးမှ ဂျပန်လူမျိုး အများအပြား နှင့် ဂျပန်ရောက် မြန်မာလူမျိုးများ၊ နိုင်ငံခြားသားများ စုစုပေါင်း လူအင်အား ၅ဝဝ ကျော် တက်ရောက်ခဲ့ပြီး ချီတက်ဆန္ဒပြခဲ့ကြပါသည်။

It Did Happen in Burma - Record on Trial of DASSK

It Did Happen in Burma - Record on Trial of DASSK It Did Happen in Burma - Record on Trial of DASSK ko latt

နအဖစစ်အုပ်စု၏ ဥပဒေမဲ့ မတရားဖမ်းဆီးခြင်းကို ခံနေရသောဒေါ်အောင်ဆန်စုကြည်အား ချက်ချင်းလွှတ်ပေးရန်ဆန္ဒပြ

နအဖစစ်အုပ်စု၏ ဥပဒေမဲ့ မတရားဖမ်းဆီးခြင်းကို ခံနေရသောဒေါ်အောင်ဆန်စုကြည်အား ချက်ချင်းလွှတ်ပေးရန် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့်၊ ဂျပန်အလုပ်သမားသမဂ္ဂများ ဂျပန်ဘုန်းတော်ကြီးများ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်း များ၊ အင်အား (၃၀၀) ကျော်ခန့် ပူးပေါင်း၍ ၂၀၀၉ ခုနှစ် မေလ (၁၈-၁၉) ရက်နေ့များတွင်မြန်မာ့စစ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆို နေကြစဉ်။ ။

NLD(LA)JB မှ နအဖအခွန်ရုံးရှေတွင် ဒီပဲယင်းလုပ်ကြံမှူ(၇၁)လပြည့်ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပခြင်း

မင်္ဂလာဒိုး ရဲရဲတောက် တေးသံချပ်များMP(3)

Powered by eSnips.com

2007 MinGaLarDoe

2007 mingalardoe thangyat 2007 mingalardoe thangyat nyinyi111

DAW AUNG SAN SUU KYI

(၁၉၉၆ ခုနှစ်ခန့်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်တိုင်းစည်း တွေ ပြန်လည်ဖွဲ့စည်းစဉ်ကာလ ပထမ ဆုံး စတင်ဖွဲ့စည်းနိုင်တဲ့ ဧရာဝတီတိုင်းက တိုင်းစည်းတွေကို ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သမိုင်းဝင် မိန့်ခွန်းကို ၂၀၀၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖေါ်ပြအပ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေကို ရည် ရွယ်ပြောဆိုတဲ့ မိန့် ခွန်းဖြစ်ပေမယ့် အဖွဲ့ချုပ်အဖွဲ့ဝင်တွေသာမက မြန်မာနိုင်ငံသားတိုင်း လေ့လာမှတ်သားစရာတွေ ပါဝင်သလို ဒီက နေ့ ခေတ် အခြေအနေအထိကို ကိုက်ညီနေတဲ့ မိန့်ခွန်းလည်းဖြစ်ပြီး စာဖတ်သူရဲ့ ဇာတိမာန်ကို လိပ်ပြာနှိုး ပေး မှာလည်း အသေအချာပဲ ဖြစ်ပါတယ်၊) ___________ ကျမတို့ အဖွဲ့ချုပ်ရဲ့ အခု ဆက်လက်ပြီး သွားမယ့်လမ်းဟာ ကြမ်းတယ်ဆိုတာ ကျမတို့ ထူးထူးထွေထွေ ရှင်းပြ နေစရာမလိုဘူး။ စထွက်ကတည်းက လမ်းက ကြမ်းတယ်၊ ဒီ ကြမ်းတဲ့ လမ်းနဲ့ ကျမတို့ အခုလို လျောက်ခဲ့ တာဟာ ၈ နှစ်တိုင်တိုင်ဖြစ်သွားပြီ၊ ဒီ ၈ နှစ်ကြားမှာ လမ်းဘေးမှာ ကျခဲ့တဲ့ ရဲဘော် ရဲဘက်တွေလည်း မနည်း ဘူး၊ သိက္ခာရှိရှိ ကျခဲ့သူတွေလည်း ရှိတယ်။ သိက္ခာမဲ့စွာနဲ့ ကျခဲ့သူတွေလည်းရှိတယ်။ သိက္ခာရှိရှိနဲ့ ကျခဲ့တယ် ဆိုတာ မိမိတို့ရဲ့ ယုံကြည်ချက်အရ အသက်ကို စတေးသွားတဲ့သူများဟာ သိက္ခာရှိရှိနဲ့ ကျခဲ့တဲ့သူတွေပဲ၊ သိက္ခာ မဲ့စွာ ကျတယ်ဆိုတာ ကိုယ့်ရဲ့ ယုံကြည်ချက်ကို ကိုယ်မရပ်တည်နိုင်တာကြောင့် ကျမတို့ကို စွန့်ခွာသွားတဲ့ သူ တွေပဲ၊ တချို့ကျတော့ မစွန့်ခွာသယောင်ယောင်နဲ့ ကျမတို့အပေါ်မှာ သစ္စာဖောက်ပြီးတော့ ဆက်ပြီးတော့ နေ နေတဲ့သူတွေ ရှိတယ်။ အဲဒီသူတွေကပြောင်ပြောင်တင်းတင်းနဲ့ ဖယ်ခွာသွားတဲ့ သူတွေထက် ပိုပြီးတော့ အောက် တန်းကျတယ်လို့ ကျမတော့ ဒီလိုပဲ သတ်မှတ်တယ်။ ကိုယ့်ရဲ့ ယုံကြည်ချက်အရ ကိုယ် သတ္တိရှိရှိနဲ့ ဆက်ပြီးတော့ လုပ်ချင်တယ်ဆိုရင်၊ အဖွဲ့ချုပ်ရဲ့ မူတွေကို လက်မခံ နိုင်ဘူးဆိုရင် အဖွဲ့ချုပ်ရဲ့ လုပ်ရပ်တွေအရ မလုပ်နိုင်ဘူးဆိုရင် အဖွဲ့ချုပ်ရဲ့ ဂုဏ်ရှိတဲ့ နာမည်ကိုတော့ ဆက်ပြီး တော့ မသုံးပါနဲ့လို့ ကျမ ပြောချင်တယ်။ ___________ ဘာမှမလုပ်ပဲနဲ့ ခံရတယ်ဆိုတာတော့ အဓိပ္ပါယ်ကို လုံးလုံးမရှိဘူး၊ ခံရဲတာ သတ္တိဆိုတာ ကိုယ်လုပ်ရင် ကိုယ်ခံ ရဲတယ်ဆိုတာကို ပြတာ၊ ဘာမှ မလုပ်ပဲနဲ့ ခံနေတာကို ပြောတာမဟုတ်ပါဘူး၊ ကျမတို့လည်း တကယ်တော့ လုပ်နေ တာပဲ၊ လုပ်နေတယ်ဆိုတာ အမျိုးမျိုးပေါ့၊ ဟောပြောပွဲ လုပ်တယ်ဆိုတာလည်း လုပ်တာပဲ၊ ဒီလို ဆွေး နွေးပွဲလုပ်တယ်ဆိုတာလည်း လုပ်တာပဲ၊ ဒီတော့ ဒီမှာတင်မကဘူး၊ ဒီခြံထဲမှာတင်မကဘူး၊ ဒီရန်ကုန်မှာ တင်မကဘူး၊ ဒီပုသိမ်မှာတင်မကဘူး၊ ဒီ တိုင်းတတိုင်းမှာ တနိုင်ငံလုံးမှာ တချိန်လုံး လုပ်နေရမယ်၊ လုပ်လို့ခံရ မယ် ဆိုရင်လည်း ခံပေါ့၊ တကယ့် စည်းရုံးရေးအင်အား ဆိုတာဟာ ကိုယ့်ရှေ့က ဘယ်နှစ်ယောက်ပဲ ပါသွား သွား နောက်ကတက်နိုင်မယ့် ရဲဘော်တွေလည်း ရှိရမယ်၊ ဒါ ကျမ ၁၉၈၈ ကတည်းက ပြောခဲ့တာပါ၊ ကျမတို့ စည်းရုံးရေး ထွက်တဲ့အခါကျရင် မြို့နယ်တွေက အဖွဲ့ဝင်အရေအတွက် ဘယ်လောက်ရပြီ၊ ဘယ်နှစ် ယောက်ရပါပြီ၊ ဘယ်နှစ်ထောင်ရပါပြီ၊ ဘယ်နှစ်သောင်း ရပါပြီ၊ ဒီလိုပဲ ပြောတယ်၊ ကျမပြောပါတယ်၊ ဒီ ထောင်နဲ့ သောင်းနဲ့ ပြောနေလို့ အလကားပဲ၊ ထောင်ဂဏန်းပဲရှိရှိ၊ သောင်းဂဏန်းပဲရှိရှိ။ သောင်းဂဏန်းပဲရှိရှိ ဒါတွေဟာ အဓိကကျတာ မဟုတ်ပါဘူး၊ ဒီအဖွဲ့ဝင်တွေထဲမှာ တကယ် ထိထိရောက်ရောက် လုပ်နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ၊ အရှေ့တန်းကနေ ပါသွားလို့ရှိရင် နောက်တခါ ဒုတိယလိုင်းကနေ လိုက်နိုင်တဲ့သူ ဘယ် နှစ်ယောက်ရှိလဲ၊ ဒါဟာ အဓိကပဲ၊ ကျမတို့ စည်းရုံးရေး လုပ်တဲ့အခါ ကိုယ်က လုပ်တဲ့သတ္တိရှိလွန်းလို့ ခံသွားရ လို့ရှိရင် ကိုယ့်နောက်ကနေလည်း လုပ်မယ့်သူတွေရှိအောင်တော့ စည်းရုံးထားရမယ်၊ နောက်ဆုံးတော့ ကျမ တို့ရဲ့စည်းရုံးရေးဟာ ပြည်သူလူထု စည်းရုံးရေးပဲ၊ ပြည်သူလူထု အများစုကနေပြီးတော့ မားမားမတ်မတ်နဲ့ အဖွဲ့ ချုပ် အနောက်ကနေပြီးတော့ ရပ်တည်နေမယ်ဆိုရင် ကျမတို့လုပ်ငန်းဟာ မုချ အောင်မြင်ရမယ်။ အခု အကျယ်ချုပ်အားဖြင့်တော့ ၄၆ သန်းလုံးပေါ့လေ၊ ၄၆ သန်းလုံး အကျယ်ချုပ် ချုပ်ခံနေရတယ်လို့ ဒီလိုပဲပြောရမှာပဲ၊ ဒါပေမယ့် ထောင်တွေထဲကိုတော့ ၄၆ သန်းမပြောနဲ့ ၁ သန်းတောင်မှ ထည့်နိုင်မှာ မဟုတ်ပါဘူး၊ ထောင်ထဲကိုဝင်ရဲတယ်ဆိုတဲ့ လူ ၁ သန်း၊ ထောင်ချရင်ချ လုပ်မယ်ဆိုတဲ့ လူ ၁ သန်းရှိမယ် ဆိုလို့ရှိရင်တောင် ကျမတို့ရဲ့ လှုပ်ရှားမှုဟာ မကြာခင် အောင်မြင်မှာပါ၊ အဲဒီတော့ လူ ၁ သန်း စည်းရုံးဖို့ဟာ ဒီလောက် ခက်သလား၊ တကယ်တော့ကျမတို့ အဖွဲ့ချုပ်ဝင် စာရင်းထဲမှာ ၁ သန်းထက်မက ရှိခဲ့ပါတယ်၊ ဒီ ၁ သန်း ထက်မက ရှိတဲ့လူစာရင်းထဲမှာ ဘယ်နှစ်ယောက်က ထိထိရောက်ရောက် တကယ်ပဲ အနစ်နာခံပြီးတော့ လုပ် နိုင်တာလည်းဆိုတာ ဒါကို ကျမတို့ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်၊ ၁ သန်းတောင် မလိုဘူး၊ ၁ သောင်း ဆိုရင်တောင်မှ မနည်းပါဘူး၊ ကျမတို့ အခု အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသမားများဟာ ၂၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းရတယ်၊ တချို့ကလည်း ၁ ထောင်ကျော် ရှိမယ်၊ တချို့ကလည်း ၃ ထောင် လောက်ရှိမယ်ဆိုတော့ ပျမ်းမျခြင်းအားဖြင့် ၂ ထောင်လောက် ရှိမယ် ဆိုပါတော့၊ ဒီနိုင်ငံရေး အကျဉ်းသမားများဟာ ၂ ထောင်လောက်ရှိတယ် ဆိုတာတောင်မှ ကျမတို့ရဲ့ လှုပ်ရှားမှုကို တကမ္ဘာလုံးက အသိအမှတ်ပြုလိုက်နိုင်တဲ့ အခြေအနေထိ ကျမတို့ လုပ်နိုင်ခဲ့တယ်၊ နိုင်ငံရေးအကျဉ်းသမားများ ၁ သောင်းလောက် ရှိနိုင်တဲ့အခြေအနေအထိ (ဒါကတော့ ထောင်ထဲမှာ နေရာရှိတာမရှိတာ ပြောတာ မဟုတ်ဘူးနော်) ထောင်ချရင်ချဆိုတဲ့ လူ ၁ သောင်းလောက်ရှိတယ်ဆိုရင်တော့ ဘာမှပြောစရာ မလိုဘူး၊ ကျမ တို့ အောင်မြင်ရမှာ မုချပဲ၊ မြန်မြန်ဖြစ်ရမယ်၊ အနှေးနဲ့ အမြန်တော့ အောင်မြင်မယ်လို့ ကျမတို့ ယုံကြည်တယ်။ ___________ အကောင်းဆုံးကို မျော်လင့်ပြီးတော့ အဆိုးဆုံးအတွက် အမြဲ ပြင်ဆင်ထားရမယ်ဆိုတာ ၊ ဒါ ကျမ ခဏခဏ ပြောခဲ့ဖူးတာပဲ၊ နိုင်ငံရေးသမား အားလုံးဟာ ဒီ ဆောင်ပုဒ်လေးကို ကိုယ့်ရဲ့ ကုတင်ခေါင်းရင်းမှာ ချိတ်ထား သင့်တယ်၊ အမြဲတမ်း အကောင်းဆုံးအတွက် မျော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်၊ ဒီလို စိတ်ဓါတ် နဲ့ ကျမတို့လုပ်မှ အောင်မြင်မှုရှိမှာပါ၊ နောက်ပြီးတော့လည်း ဒီလိုနိုင်ငံရေးအတွက် ကိုယ့်ရဲ့ ဘ၀ကို အနစ်နာခံ စွန့်လွှတ်ရတယ်ဆိုတာ ဒါ အင်မတန် မှ သိက္ခာရှိပါတယ်၊ အင်မတန်မှလည်း ကျေနပ်မှုရှိစရာပါ၊ အားလုံး ပြန်ပြီးတော့ စဉ်းစားကြပါ၊ ဒီဘ၀မှာ ဘာ လိုချင်ကြလဲ၊ မွေးလာတယ်၊ ကြီးလာတယ်၊ နေသွားတယ် အိုသွားတယ်- ဒါပဲလားလို့ ကျမတို့ အများကြီး စဉ်းစားစရာ ဖြစ်တယ်၊ ဒီဘ၀မှာ လူဖြစ်လာပြီဆိုမှဖြင့် ဘာအတွက် လူဖြစ်လာတယ် ဆိုတာ ကျမတို့ စဉ်းစားဖို့ လိုပါ တယ်။ ___________ Daw Aung San Suu Kyi Daw Aung San Suu Kyi nyinyi111

70th DE-PAE-YIN ASSASANATION

အတုအယောင်ဆောင်နအဖစိတ်ကြိုက်ရေး တဲ့ နိုင်ငံတော်ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံ မူ တဲ့ ဗျို့ 

နအဖ ရေးတဲ့ စစ်တပ် တမတ်သား မိုက်ကြေးခွဲထားတဲ့ နိုင်ငံတော်ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမူ အတု ကြီး ပါ ။ ဘာတွေ ညာဖျန်းရေးထားတာ..ဖတ်ကြည့်ကြပါဗျာ..ဖနောင့်နဲ့ ပေါက်ချင်စရာ ကောင်းမကောင်း ခင်ဗျားတို့ဘဲစဉ်းစားတွေးကြည့်ကြစမ်းပါအုံးဗျာ။...UNION BOOK

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

The Universal Declaration of Human Rights in Burmese[1] The Universal Declaration of Human Rights in Burmese[1] thanhtutaung

May 3, 2009

နာမည်ကျော် ဂျပန်အဆိုတော်များမှ နာဂစ်ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်


သီချင်းများကို ကိုယ်တိုင်ရေးစပ်သီကုံးပြီး စန္ဒရားကို ကိုယ်တိုင်တီးခတ်ဖျော်ဖြေလေ့ရှိသည့် နာမည်ကျော် ဂျ ပန်အဆိုတော် Tomoe Sawa မှ ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန် တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် တိုကျို မြို့၊ Shibuya ရပ်ရှိ Tower Records Vedio and Books ရောင်းချ သည့် စင်တာတွင် မေလ ၂ ရက်(စနေနေ့)က အခမဲ့ သီဆိုဖျော်ဖြေသွားခဲ့သည်။

''Kokoro, Iiuta Iroiro, When I was most Beautiful'' စီးရီးများဖြင့် နာမည်ကျော် အဆိုတော်တဦးဖြစ်လာခဲ့ သည့် ကိုးရီးယားကပြားလူမျိုး Tomoe Sawa မှ ဂျပန်သီချင်း၊ ကိုယ်တိုင်ရေး ကိုးရီးယားနှင့် အင်္ဂလိပ်သီချင်း များအပါအဝင် သီချင်းစုစုပေါင်း ၉ ပုဒ်ကို အားပါးတရဖျော်ဖြေသွားပြီး သီးချင်းတပုဒ်နှင့်တပုဒ်ကြားတွင် သူမ လေ့လာထားသည့် မြန်မာပြည်အရေး၊ နအဖစစ်အာဏာရှင်တော်လှန်ရေး၊ သံဃာသပိတ်အရေးနှင့် နာဂစ်မုန် တိုင်းတိုက်ခတ်ခဲ့ခြင်းကြောင့် မြန်မာပြည်သူများ အတိဒုက္ခရောက်ရခြင်းအကြောင်းများကိုပါ ဟောပြောသွားခဲ့ သည်။

''ပရိသတ်ထဲက မြန်မာပြည်ကို ရောက်ဖူတဲ့သူများရှိပါသလား။ ကျမတော့ မရောက်ဖူးသေးပါဘူး။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာပြည်ကို ရောက်ဖူးတဲ့သူများရှိရင် ဂုဏ်ယူပါတယ်လို့ ပြောပါရစေရှင်၊ ပြီး တော့ ဒီ Concert ပွဲကိုလည်း ပြီးဆုံးတဲ့အထိ အားပေးကြပါလို့ ပြောပါရစေရှင့် ...'' ဟု ချိုသာစွာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဂျပန်အနုပညာရှင် Ito Seiro San နှင့်တွဲဖက်၍ ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးစပ်ထား သည့် Free Daw Aung San Suu Kyi အမည်ရှိ ကဗျာရွတ်ဆိုမှုကိုပါ ပြုလုပ်သွားခဲ့သည်။

ဂျပန်ပရိသတ် ၂ဝဝ ကျော်မှ စိတ်ပါဝင်စားစွာ ခန်းလုံးပြည့်လာရောက်အားပေးခဲ့ကြပြီး သူမ၏ နာဂစ်ရန်ပုံငွေ စီဒီအခွေကို တချပ်လျှင် ယန်း ၁၈ဝဝ ဖြင့် ရောင်းချခဲ့သည်။ ရရှိသည့်အမြတ်ငွေများကို မုန်တိုင်းကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ ပေးပို့လှူဒါန်းသွားမည်ဟု သိရှိရပြီး “မြန်မာ့ရေးရာပြည်သူ့အဖွဲ့ People Forum Of Burma (PFB-Japan)” တဆင့် စီစဉ်ပေးသွားမည်ဟု သိရှိရသည်။
ပေးပို့ - MTK Library

April 13, 2009

A flower, newley named with murderer's name, Dendrobium Thein Sein(အာဏာရှူးကြီး)


A flower, newley named with murderer's name, Dendrobium Thein Sein(အာဏာရှူးကြီး)

What a shamefull act for the whole singaporean by a group of singaporean!!!!



Spore Botanic Garden to honor Myanmar junta leader
Saturday, 14 March 2009
Reuters

Myanmar's Prime Minister Thein Sein will visit Singapore and Indonesia next week, just after regional group ASEAN urged its military junta to be inclusive in elections and to free political prisoners.

Thein Sein's itinerary has not been made public, but Singapore's Botanic Gardens said it would host an "Orchid Naming Ceremony" for Thein Sein on Wednesday, as part of his official visit to Singapore and Indonesia, a spokeswoman told Reuters.


Myanmar ruling junta's newspaper New Light of Myanmar reported on Friday that Thein Sein, the number four in its hierarchy, would visit the two countries "in the near future".

His visit comes after a meeting of the Association of Southeast Asian leaders at the start of the month in Thailand, at which they backed stimulus plans, opposed protectionism and said they would coordinate policies to confront a deepening global financial crisis.

The 10 leaders of the Association of South East Asian Nations (ASEAN) urged military-ruled Myanmar "to be as inclusive as possible" in preparing for elections next year, allow all political parties to participate, and free political prisoners.

The problems with Myanmar illustrate the challenges ASEAN faces in becoming an integrated political and economic community.

The Myanmar junta, which has ruled the former Burma since 1962, declined to recognise a 1990 landslide election victory of the opposition National League for Democracy and put its leader Aung San Suu Kyi under house arrest for most of six years.

The United States wants ASEAN, which includes Singapore, to press for reform and political progress in Myanmar. Last month it urged the generals to release more political prisoners.

Singapore, a strong U.S. ally and a growing centre for wealth management, has opposed sanctions on Myanmar and is believed to be home to the generals' offshore bank accounts.

It is a tradition for Singapore to name orchids after visiting dignataries, but an exiled Myanmar politician condemned the orchid naming ceremony.

"The naming of an orchid after PM Thein Sein could be worse than watering a poison ivy," said Soe Aung, a spokesman for Bangkok-based Forum for Democracy in Myanmar.

April 10, 2009

အိုဘယ့် … တပ်မတော်သားတွေရယ်

အိုဘယ့် … တပ်မတော်သားတွေရယ်

အရှင်ခေမာစာရ
Friday, February 20, 2009




(စကားချပ်)။
စာရေးသူသည် ဤရဲကလေးနှင့် တွေ့ဆုံခဲ့သည်မှာ ၇၊ ၆၊ ၉၇ နေ့ ၀၈း၃၀ နာရီတွင် ဖြစ်သည်။ ၎င်းနေရာသို့ နယ်စပ်ဒေသမှ ပြည်တွင်း ဖက်သို့ တရက်တိတိ ခြေလျှင်လမ်းလျှောက်ပြီးမှ ရောက်နိုင်သောနေရာတနေရာ ဖြစ်သည်။ ဤရဲဘော်ကလေး၏ တောင်းပန် လျှောက် ထားချက်အရ အမည်၊ ကိုယ်ပိုင်အမှတ်၊ နေရပ်လိပ်စာ အပြည့်အစုံနှင့် ဓာတ်ပုံကိုဖော်ပြခြင်းမပြုဘဲ ချန်လှပ်ထားခဲ့သည်။ ရဲဘော်ကလေး ၏ပြောပြ လျှောက်ထားချက်များကို မူရင်းမပျက်စေဘဲ အရှိအတိုင်း ရေးသားလိုက်ခြင်းဖြစ်သည်။ စာဖတ်သူများ စစ်အာဏာရှင်စနစ် အုပ်စု စစ်တပ်တည်ဆောက်ပုံ၊ တပ်မတော်အတွင်း စိတ်ဓာတ်စစ်ဆင်ရေး ပြုပြင်ပြောင်းလဲလုပ်နေပုံနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို သိမြင်ထင်ဟပ်ပေါ်လွင် ကြလိမ့်မယ်ဟု မျှော်လင့်မိပေသည်။

စာရေးသူ။





ဧရာဝတီတိုင်း၊ ပုသိမ်မြို့ (၇) ရပ်ကွက်မှာ နေပါတယ်။ ဟိုတုန်းက မိဘနှစ်ပါးရှိပါတယ်။ ခုတော့ မရှိတော့ဘူးလို့ ကြားတယ်။ ညီ အကို မောင်နှမ (၇) ယောက်ထဲက ဒုတိယမြောက်သားပါ။ အခု အသက် (၁၇) နှစ် ရှိပါပြီ။ မူလတန်း (၄) တန်းပညာလောက်ပဲ သင်ခဲ့ဖူး တယ်။ အသက် (၁၀) နှစ်လောက် ထိပါ။

အင်း … ဒီလိုပါ။ တနေ့တော့ ဗွီဒီယိုကြည့်ပြီး သူငယ်ချင်း (၃) ယောက်နဲ့ အိမ်ကိုပြန်လာခဲ့တယ်။ သီချင်းကလေး ဘာကလေးဟစ် ရင်းနဲ့ပေါ့။ “ဟေ့ … ဘယ်သူတွေလဲ၊ လာခဲ့စမ်း” ဆိုတော့ ကြည့်လိုက်တော့ မီးသတ်တွေဖြစ်နေတယ်။ အချိန်ကတော့ ည (၁၂) နာရီကျော် နေပါပြီ။ မီးသတ်တွေ အဲဒီလိုပြောပြီးတော့ ဘာမှဆက်မပြောဘဲ ခေါ်သွားတယ်။ မီးသတ်တွေ ညကင်းလှည့်နေတာ ထင်တယ်။ ခေါ်သွားတဲ့ နေရာက စစ်သားစုဆောင်းရေး ဖြစ်နေတယ်။ နားမလည်တော့ဘူး။ တကယ်တော့ မီးသတ်ဟာ အရပ်ဖက်ကပါပဲ။ ဒါပေမယ့် စစ်တပ်က ဖွဲ့ ထားတာဖြစ်နေတယ်။ နည်းနည်းတော့ ရှုပ်တယ်။ ပထမတော့ မင်းတို့ဘယ်သွားမလို့လဲလို့ မေးတယ်။ အိမ်ကိုပေါ့ဆိုတော့ ဒါဆိုရင်ခဏလိုက် ခဲ့ဆိုပြီး ခေါ်သွားတာပါပဲ။ ဒီလိုနဲ့ စစ်သားစုဆောင်းရေးမှာ တလကျော်ကျော်နေခဲ့ရတယ်။ အဲဒီမှာ အခြားတော့ မယ်မယ်ရရမလုပ်ရပါဘူး။ ပန်း ပင်တွေ၊ ဟင်းသီး ဟင်းရွက်ပင်တွေ စိုက်ရတယ်။ စိုက်ရတာတော့ နေ့တိုင်းပါပဲ။ အဲဒီ စစ်သားတွေကတော့ မစိုက်ဘူး။ သူတို့ ညွှန်ကြားတာပဲ လုပ်ရတယ်။ ကြာတော့မဟုတ်ဘူး။ ရဲဘော်သစ်တယောက်လို ဆက်ဆံနေတယ်လေ။ စိတ်ထဲမှာ လန့်လာတယ်။ စစ်တပ်ထဲဝင်ဖို့ လာတဲ့ပုံစံနဲ့ ဆက်ဆံနေကြတာကိုး။ ဘာကြောင့်လဲဆိုတာ မသိဘူး။ အမှန်တကယ်တော့ စစ်တပ်ထဲဝင်မယ်ဆိုရင် အရပ်က အနည်းဆုံး (၅) ပေရှိရမယ်။ ပေါင်ကအနည်းဆုံး (၁၂၀) ပြည့်ရမယ်။ အသက်က (၁၈) နှစ်ဖြစ်ရမယ်။ ခု ဒီလိုမဟုတ်ဘူး။ အရပ်က (၄) ပေပဲရှိသေးတယ်။ ပေါင်ကလဲ ပြည့် တာမဟုတ်ဘူး။ (၉၀) ပေါင်ပဲ ရှိတယ်။ အသက် (၁၅) နှစ်၊ ကြည့်ပါ။ ဘယ်လိုမှ စစ်တပ်နဲ့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် အတင်းအကြပ် တပ်ထဲ သွင်းခဲ့ကြတယ်။ သူတို့က စစ်တပ်ထဲ ဝင်စေချင်တော့ အသက်ကို (၁၈) နှစ်ဆိုပြီး လိမ်ပြောတယ်။ နောက်ပြီးတော့ ဆေးကိုလဲလိမ်တယ်။

ဒီလိုနဲ့ သင်တန်းကို ပို့လိုက်ကြတာပါပဲ။ သံဖြူဇရပ်မှာရှိနေတဲ့ ဝဂ္ဂလိစစ်သင်တန်းကျောင်းကို ပို့လိုက်ကြတယ်။ အဲဒီမှာ သင်တန်း သားတွေ (၂၅၀) လောက် ရှိတယ်။ ဗိုလ်ကြီးဇော်မျိုးဆိုတဲ့ ပုဂ္ဂိုလ်က သင်တန်းမှူးလုပ်တယ်။ သင်တန်းမှာ သိပ်ဆင်းရဲတာပေါ့။ ထမင်းတပန်း ကန်ပြား နှစ်လုပ်ပဲ စားရတယ်။ ကုန်သွားရော၊ တရက်မှာ (၂) ပဲ ကျွေးတယ်။ ခမရထဲဝင်ရင် ငပွေး (တပ်မတော်မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအစီအစဉ်အရ ကရင်ကို ငပွေးလို့ခေါ်သည်) နဲ့ တိုက်ရမယ်လို့ ပြောတယ်။ ကရင်လို့ မပြောဘူး။ ငပွေးတွေ မင်းတို့ကို တွေ့ရင် တွေ့ တဲ့နေရာမှာ လည်လှီးမယ်။ ဟိုကောင်တွေက ချမယ်။ မင်းတို့လဲ သူတို့ကို တွေ့တာနဲ့ ဟုတ်လား။ ချပေတော့။

သင်တန်းမှာ လူထုလက်ရှိအခြေအနေဘယ်လို ရှိတယ်တယ်ဆိုတာ ဘာမှမပြောပြဘူး။ သင်တန်းဆင်းပြီးသွားတာနဲ့ တပ်ရင်း ရောက်ရင် ပေါ်တာဆွဲတာတို့၊ ဘာတို့ လုပ်ကြတယ်၊ လုပ်ရတယ်။ လက်ရှိ ဒီမိုကရေစီလူထုလှုပ်ရှားမှုနဲ့ပါတ်သက်လို့ သင်တန်းသားတွေထဲမှာ ခံစားမှု စိတ်ဝင်စားမှုမရှိဘူး၊ မတွေ့ရဘူး။ ပြင်ပမှာ လှုပ်ရှာ်းနေတာနဲ့ ပတ်သက်လို့ပေါ့လေ၊ တယောက်နဲ့တယောက် နောက်ကြပြောင်ကြပေါ့ လေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ပြောကြတာတွေ ရှိပါတယ်။ အဲဒီအခါမှာ အချုပ် (၂၈) ရက် ချပစ်တယ်။ (တခါဆိုရင်) ဗိုလ်ချုပ် အောင်ဆန်းနဲ့ပတ်သက်လို့ ဘာမှကို သင်တန်းထဲမှာ ပြောလို့ဆိုလို့ မရဘူ။ ပြောရင်လဲ အချုပ်ကျတယ်။ သင်တန်းခမ်းမတွေမှာတောင် အယင် ကဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံတွေ ကပ်ထားတယ်လို့ဆိုတယ်။ ခု ဓာတ်ပုံတွေ မရှိတော့ဘူး။ မတွေ့ရတော့ဘူး။ အဲဒီမှာ နေရာယူတာ ကတော့ ဦးစောမောင်ပုံကြီးလေ။ ပြီးတော့ ဗိုလ်ချုပ်သန်းရွှေရဲ့ ပုံ၊ ဒါပဲ ရှိတော့တယ်။ တပ်မတော်ရဲ့ ဖခင်ဟာ ဗိုလ်ချုပ် အောင်ဆန်း ဖြစ်တယ် ဆိုတာလဲ မပြောရတော့ဘူး။ သင်တန်းပြီးတော့ ရေး၊ လမိုင်းဘက် တပ်ရင်း (၁၀၆) ကို ပို့လိုက်ကြတယ်။ ၁၉၉၅ ခုမှာ ရောက်သွားတယ်ဆိုပါ တော့။ အဲဒီမှာ တပ်ရင်းမှူး ဗိုလ်မှူးအောင်ကြည်သောင်းပေါ့။ ပြီးတော့ ခွဲ (၄) တာဝန်ချပေးတယ်။ တပ်စု အနေနဲ့ကတော့ တပ်စုဆရာကြီးထွန်း စိန်တပ်စုမှာ တာဝန်ထမ်းဆောင်ရတယ်။ ခွဲမှူးက ဗိုလ်ကြီးထွန်းအောင်မြင့်၊ ဝမ်းရေးနယ်မြေခွင်မှာ လှုပ်ရှားရတယ်။ တောင်ပေါက်နယ်တို့၊ ခွန်နဝါးနယ်တို့မှာလဲ လှုပ်ရှားရတယ်။ နောက်တော့ ပေါ်တာဆွဲတဲ့ အလုပ်ပါ လုပ်ရတယ်။ ရထား တွေ၊ ကားတွေမှာပေါ့။ ရထားတွေ၊ ဘာတွေ ထွက်လာပြီဆိုရင် ရပ်လို့ရှိရင်တက်ပြီး ပေါ်တာဆွဲရတယ်။ ဆရာကြီး (တပ်ကြပ်ကြီး) တွေက ညွှန်ကြားရုံ ညွှန်ကြားတယ်။ သူတို့က နောက်က လိုက်လာပြီး လူတွေကို ဖမ်းဆီးဖို့ညွှန်ကြားတယ်။ ဖမ်းတာကျတော့ ရဲဘော်တွေ ဖမ်းခိုင်းတာပေါ့။ ဖမ်းထားတဲ့ လူတွေကို ပထမတော့ ရဲဘော်တွေက စောင့်ရတယ်။ နောက်တော့ မစောင့်ဖြစ်တော့ဘူး။ ရဲဘော်နဲ့ အရာရှိတွေနဲ့ ဒီစောင့်တဲ့ ကိစ္စနဲ့ပတ်သက်လို့ စကားများတာ ခဏခဏဆိုတော့ ရဲဘော်တွေ မစောင့်ရဘူး။ အင်း .. အဲဒီမှာ ပြည်သူ့စစ် တွေပဲ စောင့်ခိုင်းတော့တယ်။ ခက်တာက ကိုယ့်စောင့်တဲ့အလှည့်မှ ပေါ်တာပြေး သွားလို့ လွတ်သွားရင် အရိုက်လဲခံရ၊ အချုပ်လဲ ကျတယ်။ တပတ် အချုပ်ကျတယ်။ နောက်တော့ မလုပ်တော့ဘူး။ ပြည်သူ့စစ်တွေပဲ စောင့်တော့၊ ဖမ်းတာပဲ ရဲဘော်တွေဖမ်းတယ်။

ပေါ်တာဆွဲခံရတဲ့အထဲမှာ သံဃာတွေလည်းပါတယ်။ တခါ ပေါ်တာသွားဆွဲတာ ဦးပဉ္ဇင်းသုံးပါး ပါတယ်။ သူတို့က ဖမ်းဆီးခံရတယ် လို့ ထင်တာကိုး။ ပေါ်တာဆွဲပြီးတော့ စစ်ကြောင်းထွက်ရင်းနဲ့ တောင်ပေါက်ခွင်မှာ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ ဦးပဉ္ဇင်းတပါးသေ (ပျံတော်မူ) သွားတယ်။ ဘွဲ့ကတော့ မသိလိုက်ဘူး။ အဲဒီသံဃာတွေ အေးအေးဆေးဆေးပဲလိုက်လာခဲ့တယ်။ ဗုံးသီးတွေ၊ ရိက္ခာတွေ ထမ်းခိုင်းတယ်။ မ ထမ်းနိုင်ရင်၊ တောင်ပေါ် မတက်နိုင်ရင် ရိုက်တယ်။ အပေါ်ကတော့ အင်္ကျီ၊ အောက်ကတော့ သင်္ကန်း (သင်းပိုင်) ဝတ်ထားတယ်။ ပေါ်တာဖမ်းတာမှာ လူတယောက်ယောက်က မလိုက်ဘူးဆိုရင် ထုရိုက်ပြီးတော့ ခေါ်ရတယ်။ မလိုက်ချင်ရင် ပိုက်ဆံနဲ့ ရွေးရတယ်။ လွှတ်ပေးတယ်။ ဒါ တွေက ရိုးနေပါပြီ။

ဒါ့အပြင် မှောင်ခို (တရားမဝင်ကုန်သွယ်မှု) တွေလဲ ဖမ်းရတာရှိတယ်။ ကိုယ်တိုင်လဲ ဖမ်းဖူးတယ်လေ။ အခြားကတော့ မဟုတ်ဘူး။ နွားကုန်သည်တွေကို ဖမ်းဖူးတာပါ။ အဲဒီတုန်းက နွား (၁၂) ကောင် ရခဲ့တယ်။ ပိုက်ဆံ သူတို့ပေးသွားတာက တသောင်းကျော်ကျော် လောက် ပေးသွားခဲ့တယ်။ ဖမ်းဆီးခံရတဲ့ နွားကုန်သည်တွေက လွတ်ရင်ပြီးရောဆိုပြီး တသောင်းကျော်ကျော် ပေးသွားတာ။ လူလွတ်ဖို့ ပစ္စည်းပေးသွားတာ။ နွားတော့ ထားခဲ့တယ်လေ။ အဲ့ဒီနွားတွေကို တပ်ရင်းမှူးလက်ထဲမှာပဲ ရှိတယ်။ အဲဒီ နွားတွေကို တပ်ထဲမှာပဲ မွေးထား တယ်။ မွေးထား ကျွေးထားပြီးတော့ ဝလာရင်တော့သူတို့ပဲ ပြန်ရောင်းလိုက်ကြတယ်။ တပ်ရင်းကမရဘူး။ ရဲဘော်ကလည်း မရဘူး။ တပ်ရင်းမှူးပဲ နွားရောင်းတဲ့ ပိုက်ဆံတွေကို ရတယ်။ တပ်ရင်းမှူးနဲ့ ဒု-ရင်းမှူးပဲ ရကြတယ်။ နွားကုန်သည်က ပေးသွားတဲ့ ပိုက်ဆံ တသောင်းကိုလဲ ရဲဘော်တွေ မရပါဘူး။ သူတို့ပဲ ရတယ်။ အခြားမှာလဲ ဒီလိုပဲ လိုက်ဖမ်းနေကြတာပါပဲ။

ရှေ့တန်းထွက်လို့ ရွာထဲရောက်တဲ့အခါ ရိက္ခာတွေကို ရွာထဲမှာပဲရှာတယ်။ ပထမတော့ ကြက်တို့၊ ဝက်တို့ပေါ့လေ။ တောင်းတယ်။ တောင်းလို့မရဘူးဆိုရင် ဘာမှမပြောတော့ဘူး။ ပေးပေးမပေးပေး ယူကြတာပါပဲ။ ဒီရိက္ခာကိစ္စနဲ့ပတ်သက်ပြီး ဒီလိုလုပ်တာကို တပ်ရင်း ကတော့ ဘာမှမပြောထားဘူး။ တခါတခါ အဓမ္မပြုကျင့်မှုတွေလဲ ရွာထဲမှာဖြစ်တယ်ဆိုတာ တကယ်ဟုတ်တယ်။ ကြုံဖူးတယ်။ တခါးချောင်း ရွာမှာ ကရင်မ တယောက်ပါပဲ။ မုဆိုးမပဲ၊ သူ့ယောက်ျားသေသွားပြီး။ သေသွားတော့ ဒု-ရင်းမှူးက အဓမ္မပြုကျင့်တော့ ပြဿနာပေါ်တယ်။ မနက်ပိုင်းကျတော့ အဲဒီအမျိုးသမီးက တိုင်တာပေါ့။ တရွာလုံး လိုက်ပြောတာပေါ့။ ဒု-ရင်းမှူးရှက်ပြီး ချက်ချင်း စစ်ကြောင်းထွက်ခိုင်းတယ်။ ရီရတယ်။ ရွာထဲ အကြာကြီးနေလို့ မရတော့ဘူး။ တရွာလုံးသိသွားတကိုး။ အဲဒီ ဒု-ရင်းမှူးနာမည်က ဗိုလ်မှူးချစ်မောင်ပေါ့။ အဲဒီ အမျိုးသမီးနာမည်က မလှဝင်း တဲ့။ အလျော်လဲ မပေးခဲ့ဘူး။ ထခါတည်း လစ်ခဲ့ကြရတယ်။ တရွားလုံးသိသွားတော့ ရွာသားတွေက ပြောတော့တာပေါ့။ သိပ် ရှက်စရာကောင်းတယ်။

အင်း … ဟုတ်တယ်။ တပ်ထဲမှာတော့ ရဲဘော်တွေဟာ ပြည်သူ့အကြောင်း ဘာမှမပြောဘူး။ ဘာတွေဖြစ်နေမှန်းလဲ မသိကြဘူး။ တပ်အကြောင်းပဲ ပြောကြတယ်လေ။ ဒီမိုကရေစီလှုပ်ရှားတာနဲ့ပတ်သက်လို့ ပြောတာမရှိဘူး။ ရှိရင်လဲ တခါတည်း အချုပ်ခန်းထဲ ထည့်ပစ် လိုက်တယ်။ မပြောရဲဘူး။ နောက်တာ ပြောင်တာတော့ တခါတလေ ရှိတယ်။ တယောက်နဲ့ တယောက် နောက်တာပေါ့။ ငယ်ငယ်က တွေ့ဖူးခဲ့ တာကိုး။ အင်း … ကျောင်းတွေနဲ့ပတ်သက်ပြီးတော့ နောက်ကြပြောင်ကြတာပေါ့။ အရေးအခင်း (၁၉၈၈ ခုနှစ် အရေးတော်ပုံကို ရည်ရွယ် သည်) မှာ မင်းလဲပါတယ်။ မင်းလဲပါတယ်ဆိုပြီး နောက်ကြတာပါ။ အဲဒါကိုသိသွားရင် ဖမ်းဆီးခံရတယ်။ အချုပ်ကျတယ်ပေါ့။ (၂၈) ရက် တောင်မှ အချုပ်ခံရတယ်။ ဒါတွေ ပထမလဲပြောပြီးပြီ ထင်တယ်လေ။ တကယ်ပြောရရင်တော့ ဒီမိုကရေစီ သိပ်နားမလည်ဘူး။ အရေးအခင်းပဲ နားလည်တယ်။ အရေးအခင်းလို့ပဲ ပြောကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ တပ်ထဲမှာ ဘာမှပြောလို့မရဘူး။ ရဲဘော်တွေ ပြော တော့ပြောတယ်။ တပ်ရင်းမှူးကြားသွားရင်တော့ အချုပ် (၂၈) ရက် ထိပြီ။ တခါတခါဆိုရင် တပတ်လောက်ထိတာ ထိတယ်။ စစ်ထောင်ထိ ရောက်သွားတဲ့အခါ ရောက်တယ်။ စစ်ထောင်မှာဆိုရင် (၃) လထိ ချပစ်တယ်။ ဒီမိုကရေစီကို ပြောတာထက် အပြစ်ကြီးတယ်။ လိုတော့တမျိုး မလိုတော့တမျိုးပေါ့။ သိပ်ကြောက်ရတယ်လေ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပါတ်သက်လို့တော့ ဆရာကြီး တွေပဲ အပြောများတယ်။ ဆရာကြီးတွေ ဆိုတာ ဒု-တပ်ကြပ် လောက်ပေါ့။ တပ်ကြပ်ကြီးတွေကျတော့ မပြောကြတော့ဘူး။ ဒါကလဲ ကြောက်လို့ပါ။ တကယ်လို့ သိသွားရင် သူတို့ပခုံးပေါ်က အရစ်တွေ ပြုတ်ကုန်ရော။ အဲဒါ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြောတာနဲ့ အရစ် ပြုတ်တာ။ မကြားအောင်တော့ ပြောတာပေါ့။ တိုးတိုး တိုးတိုးနဲ့ပေါ့။ ကျေနပ်တယ် မကျေပန်ဘူးလိုတော့ မဟုတ်တော့ဘူး။ ဘာပဲလုပ်လုပ် ကျေနပ်လိုက်ရတာပဲ။ ကြောက်ရတာကိုး။

ဒီလိုနဲ့ တပ်ထဲမှာ တနှစ်ကျော်ကျော်ပဲ နေဖြစ်ခဲ့တယ်။ ဆရာကြီးတွေ ရိုက်တာ၊ နှိပ်စက်တာမခံနိုင်လို့ တပ်က ထွက်လာခဲ့တယ်။ ထွက်ပြေး ခဲ့တယ် ဆိုပါတော့။ အရွယ်က ငယ်သေးတယ်မဟုတ်လား။ စစ်ကျောပိုးအိတ် မထမ်းနိုင်ဘူး၊ တောင်ကုန်း တကုန်းလောက်တက်ရင် နောက်ထပ် မတက်နိုင်တော့ဘူး။ ဒီတော့ ရိုက်တာပေါ့။ ဒါနဲ့မထူးဘူး။ သေကာမှသေရောဆိုပြီး “အိုပီ” ကင်းထုတ်တုန်း ထွက်ပြေးလာ ခဲ့တယ်။ တပ်စခန်းနဲ့ “အိုပီ” ထုတ်တာ အတော့ကိုဝေးတယ်။ လှမ်းခေါ်လို့ မကြားရဘူး။ တယောက်တည်းပါပဲ။ ဘယ်မှာ ဘယ်သူရှိတယ် ဆိုတာ မသိပါဘူး။ ကြုံရာသွားမယ်လို့ စိတ်ကူးပြီး ထွက်လာတယ်။ အဲဒီလို ထွက်လာတော့ အဘိုးကြီးတယောက်နဲ့ တွေ့တယ်။ ဒီလိုနဲ့ ဘက်လမုရွာ ရောက်လာတယ်။ ဘက်လမုရွာမှာ ကော်သူးလေ (KNU) စစ်သားတွေရှိတယ်။ ကော်သူးလေစစ်သားတွေနဲ့ တွေ့တယ်။ ပထမတော့ သူတို့နဲ့ပဲ နေဖြစ်တာပေါ့။ သေနတ်ကို အပ်လိုက်တော့ ပိုက်ဆံသုံးထောင်ရတယ်လေ။ အဲဒီကမှတဆင့် ကျောင်းသား တပ်မတော် မကဒတ ကိုရောက်လာတယ်။ ပြန်ဖို့တော့ စိတ်မကူပါဘူး။

ဒါနဲ့ တခုပြောချင်တာကတော့ စစ်တပ်ထဲမှာ ဆေးသုံးတယ်ဆိုတာ တကယ်မှန်တယ်။ ထောင်ပေါက်တိုက်ပွဲမှာ ဆေးသုံးပြီး တိုက်ဖူးတယ်။ အဲဒီဆေးသောက်ပြီး တိုက်တော့ အဲဒီတုန်းက စစ်သားတော်တော်များများ ကျဆုံးသွားတယ်။ ဒီဆေးကိုကျွေးပြီးတော့ (၃) ရက်အကြာမှာ ပြန်ဖြေပေးတယ်။ “ခု ဒီတိုက်ပွဲမှာ ငပွေး (ကရင်) တွေနဲ့ တိုက်ရမှာဖြစ်တယ်။ ဒီဆေးသောက်ထားကြ” ဆိုပြီး တိုက်တယ်။ အမောခံ နိုင်တယ်ပေါ့။ အဆာလဲ ခံနိုင်တယ်ဆိုပြီး သောက်ခိုင်းတယ်။ ဆရာတွေ မသောက်ဘူး။ ရဲဘော်တွေပဲ သောက်ရတယ်။ မသိကြတော့ သောက်ကြတာပေါ့။ အားလုံးကိုတော့ မသောက်မိဘူး။ တလုံး နှစ်လုံးလောက်ပဲ သောက်တယ်။ ဒါတောင် ရှေ့မှာ လှုပ်ရှားတာပဲ တွေ့တယ်။ ရှေ့ဖက်ကိုတိုးတက်နေတာတောင် သိပ်သတိမထားမိတော့ဘူး။ တက်ဖို့ပဲ သိနေတာကိုး။ ရှေ့မှာ ဘာဖြစ်လို့ ဖြစ်မှန်းလဲ မသိတော့ဘူး။ အဲဒီ တိုက်ပွဲမှာ ၁၉၉၅ ခု၊ ၆ လပိုင်းမှာ ဖြစ်ခဲ့တယ်လေ။ ဟုတ်တယ်။ တခါတလေ အဖေအမေတွေ သိပ်သတိရတယ်။ အဖေ အမေတွေက ခုတော့ ဆုံးသွားပြီလို့ ကြားတယ်။ ဟုတ်တယ် မဟုတ်တယ်တော့ မသိဘူး။ အဖေက အရင်က စစ်သား တယောက် ပါပဲ။ ခုတပ်မှာတော့ မနေတော့ဘူး။ တိုက်ခိုက်ရေး စစ်သားမဟုတ်ဘူး။ ရိက္ခာပို့ ထောက်ပံရေးတပ်က။ ဒီလို တပ်ထဲရောက်လာတာ အဖေအမေတွေ မသိဘူး။ သိလို့ မရဘူး၊ စာတောင် ရေးလို့မရဘူး။ အိမ်နဲ့ဆက်သွယ်လို့ လုံးဝမရခဲ့ဘူး။ စိတ်ထင်တော့ အဖေအမေတွေ ပြန်ခေါ်မှာကြောက်လို့ ခုလို ဆက်သွယ်ခွင့်၊ သိခွင့် မပေးတာဖြစ်မယ်လို့ ထင်တယ်။

အဖေ အမေတွေက ဈေးရောင်းစားတယ်။ တပ်က ထူထောင်ပေးတာ မဟုတ်ဘူး။ ကိုယ့်ဖာသာကိုယ် လုပ်စားတာ။ တပ်က မိသားစုကို ဘာမှ အကူအညီမပေးဘူး။ အရင်ကတော့ အမေဖျာပုံမှာနေတယ်။ အမေကတော့ ပုသိမ်ဇာတိပါပဲ။ မြစ်ဝကျွန်းပေါ် ဒေသချည်းပါပဲ။ ၁၉၈၈ ခု အရေးအခင်းဖြစ်တော့ အဲဒီတုန်းက သိတော့သိတယ်လေ။ ဒါပေမယ့် ဘာတွေလို့တော့ မသိမိဘူး။ အဲဒီတုန်းက (၉) နှစ်ကျော် ရုံပဲ ရှိ သေးတယ်ဆိုတော့ သိပ်မမှတ်မိဘူး။ အိမ်အပြင်တောင် မထွက်ရဲဘူး။ သေနတ်သံတွေ အဆက်မပြတ်ကြားနေတယ်လေ။

ဒေါင်းအိုးဝေ - အတွဲ (၁)၊ အမှတ် (၄)၊ အောက်တိုဘာလ၊ ၁၉၉၇။ (စာမျက်နှာ - ၁၆ မှ ၁၈ ပါ ဆောင်းပါး)

အရှင်ခေမာစာရ
(ရဟန်းပျိုသမဂ္ဂ)