JUST DO IT!!

JUST DO IT!!
NLD ၏ ရွှေဂုံတိုင် ကြေညာစာတမ်း အခိုင်အမာ ထောက်ခံဝန်းရံကြ လူထုခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးရေး၊ ၂ဝဝ၈ အခြေခံဥပဒေ သုံးသပ်ပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပရေး၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး

အမျုိးသားဒီမိုကေရစီအဖွဲ့ချုပ် ဥက္ကဌ ေဒါ်ေအာင်ဆန်းစုြကည်ရဲ့ ပါတီမဲဆွယ် စည်းရံုးေရးမိန့်ခွန်း

NLD(LA)JB မှ ဦးဆောင်၍ စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲ လုံးဝအသိအမတ်ြမူပြ ချီတက်ဆန္ဒပြပွဲ ( ဂျပန်)

စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲခေါင်းစဉ်နဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေတွေ ကိုလုံးဝလက်မခံ အသိအမတ်ြမူပဘြူး လို့ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်းအားစုများ အင်အား (၂၀၀) ကျော်ခန့် ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ပါတယ်။

ဟံသာဝတီ ဦးဝင်းတင်၏ အသက် ၈၀ ပြည့် အထိမ်းအမှတ်

ဟံသာဝတီ ဦးဝင်းတင်၏ အသက် ၈၀ ပြည့် အထိမ်းအမှတ်

“ဘာလဲဟဲ့ လူ့ငရဲ”

မြန်မာနိုင်ငံတွင် နိုင်ငံရေးသမား လုပ်ချင်လျှင် ဦးဝင်းတင်၏ ခေတ်သစ် ထောင်ဋီကာ ဖြစ်သော “ဘာလဲဟဲ့ လူ့ငရဲ”ကို ဖတ်ဖြစ်အောင် ဖတ် 28299402-U-Win-Tin-s-book

(၂၂) နှစ်မြောက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ (တိုကျို၊ ဂျပန်) (ဓာတ်ပုံ)

(၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တိုကျို ဂျပန်

NLD(LA)JBမှ ကြီးမှုးကျင်းပသော (၈၉)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား

၈-၁၁-၂၀၀၉ တနင်္ဂနွေနေ့ တိုကျို၊ အိခဲဘုကုရို တိုရှီမာကု ကူမင်စင်တာ (၄) ထပ်တွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ကြီးမှုးကျင်းပသော (၈၉)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကိုဂျပန်ရောက်မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများ အဖွဲ့အစည်းအသီးသီး မှဧည့်သည်တော်များတက်ရောက် အမှာစကားပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ(၂၁) နှစ်ပြည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အောက်မေ့ ဖွယ်အခမ်းအနား

လွန်ခဲ့တဲ့ ၂၁ နှစ် သြဂုတ်လ ၈ ရက်နေ့က သွေးမြေကျခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု(ရှစ်လေးလုံးအရေးတော်ပုံကြီး) အတွက် အောက်မေ့ ဖွယ်အခမ်းအနားနှင့်အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုတာတွေ အပါအ၀င် မြန်မာ စစ်အစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့သောဂျပန်နိုင်ငံရောက် ဒီမိုကရေစီလူပ်ရှား သူများ ဂျပန်အလုပ်သမားသမဂ္ဂများ ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်း များ၊စုစုပေါင်း လူဦးရေတထောင်ကျော်ခန့် တက်ရောက်ခဲ့ပြီး ချီတက်ဆန္ဒပြခဲ့ကြပါသည်။

တနုံ့နုံ့ ခံစားနေခဲ့ရတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး ဘယ်တော့မှ မမေ့ကြနဲ့

(၄၇) နှစ်မြောက် ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံ ဂျပန်နိုင်ငံ နအဖအခွန်ရုံးရှေတွင် ကျင်းပခြင်း

စစ်အာဏာရှင်စနစ်တည်ရှိသရွေ့ ကျောင်းသားစိတ်ဓာတ် မည်သည့်အခါမှ ကွယ်ပျောက်သွားမည်မဟုတ်ကြောင်း ယနေ့ ကျရောက်သည့် (၄၇) နှစ်မြောက် ဆဲဗင်းဂျူလိုင် အခမ်းအနားတွင်ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်းအားစုများ အင်အား (၂၀၀) ကျော်ခန့် ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ပါတယ်။

NLD(LA)JBမှ ဒီပဲယင်းအကြမ်းဖက်မှု ၆ နှစ်ပြည့် ၀မ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပခြင်း

မေ(၃၀) ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး (၆) နှစ်ပြည့် ၀မ်းနည်းခြင်းအထိမ်းအမှတ်တောင်းဆိုပွဲကို NLD(LA)JBမှ ဦးစီးကျင်းပခဲ့ပြီး ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်းအားစုများ အင်အား (၂၀၀) ခန့် ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ပါတယ်။

NLD(LA)JB မှ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ် ဂျပန်နိုင်ငံတွင် ချီတက်ဆန္ဒပြ

မေလ ၂၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်ဖြင့် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိနိုင်ငံခြားရေးရုံးသို့ လှည့်လည် ဆန္ဒပြခဲ့ရာ ဂျပန် အဖွဲ့အစည်းအသီးသီးမှ ဂျပန်လူမျိုး အများအပြား နှင့် ဂျပန်ရောက် မြန်မာလူမျိုးများ၊ နိုင်ငံခြားသားများ စုစုပေါင်း လူအင်အား ၅ဝဝ ကျော် တက်ရောက်ခဲ့ပြီး ချီတက်ဆန္ဒပြခဲ့ကြပါသည်။

It Did Happen in Burma - Record on Trial of DASSK

It Did Happen in Burma - Record on Trial of DASSK It Did Happen in Burma - Record on Trial of DASSK ko latt

နအဖစစ်အုပ်စု၏ ဥပဒေမဲ့ မတရားဖမ်းဆီးခြင်းကို ခံနေရသောဒေါ်အောင်ဆန်စုကြည်အား ချက်ချင်းလွှတ်ပေးရန်ဆန္ဒပြ

နအဖစစ်အုပ်စု၏ ဥပဒေမဲ့ မတရားဖမ်းဆီးခြင်းကို ခံနေရသောဒေါ်အောင်ဆန်စုကြည်အား ချက်ချင်းလွှတ်ပေးရန် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့်၊ ဂျပန်အလုပ်သမားသမဂ္ဂများ ဂျပန်ဘုန်းတော်ကြီးများ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်း များ၊ အင်အား (၃၀၀) ကျော်ခန့် ပူးပေါင်း၍ ၂၀၀၉ ခုနှစ် မေလ (၁၈-၁၉) ရက်နေ့များတွင်မြန်မာ့စစ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆို နေကြစဉ်။ ။

NLD(LA)JB မှ နအဖအခွန်ရုံးရှေတွင် ဒီပဲယင်းလုပ်ကြံမှူ(၇၁)လပြည့်ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပခြင်း

မင်္ဂလာဒိုး ရဲရဲတောက် တေးသံချပ်များMP(3)

Powered by eSnips.com

2007 MinGaLarDoe

2007 mingalardoe thangyat 2007 mingalardoe thangyat nyinyi111

DAW AUNG SAN SUU KYI

(၁၉၉၆ ခုနှစ်ခန့်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်တိုင်းစည်း တွေ ပြန်လည်ဖွဲ့စည်းစဉ်ကာလ ပထမ ဆုံး စတင်ဖွဲ့စည်းနိုင်တဲ့ ဧရာဝတီတိုင်းက တိုင်းစည်းတွေကို ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သမိုင်းဝင် မိန့်ခွန်းကို ၂၀၀၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖေါ်ပြအပ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေကို ရည် ရွယ်ပြောဆိုတဲ့ မိန့် ခွန်းဖြစ်ပေမယ့် အဖွဲ့ချုပ်အဖွဲ့ဝင်တွေသာမက မြန်မာနိုင်ငံသားတိုင်း လေ့လာမှတ်သားစရာတွေ ပါဝင်သလို ဒီက နေ့ ခေတ် အခြေအနေအထိကို ကိုက်ညီနေတဲ့ မိန့်ခွန်းလည်းဖြစ်ပြီး စာဖတ်သူရဲ့ ဇာတိမာန်ကို လိပ်ပြာနှိုး ပေး မှာလည်း အသေအချာပဲ ဖြစ်ပါတယ်၊) ___________ ကျမတို့ အဖွဲ့ချုပ်ရဲ့ အခု ဆက်လက်ပြီး သွားမယ့်လမ်းဟာ ကြမ်းတယ်ဆိုတာ ကျမတို့ ထူးထူးထွေထွေ ရှင်းပြ နေစရာမလိုဘူး။ စထွက်ကတည်းက လမ်းက ကြမ်းတယ်၊ ဒီ ကြမ်းတဲ့ လမ်းနဲ့ ကျမတို့ အခုလို လျောက်ခဲ့ တာဟာ ၈ နှစ်တိုင်တိုင်ဖြစ်သွားပြီ၊ ဒီ ၈ နှစ်ကြားမှာ လမ်းဘေးမှာ ကျခဲ့တဲ့ ရဲဘော် ရဲဘက်တွေလည်း မနည်း ဘူး၊ သိက္ခာရှိရှိ ကျခဲ့သူတွေလည်း ရှိတယ်။ သိက္ခာမဲ့စွာနဲ့ ကျခဲ့သူတွေလည်းရှိတယ်။ သိက္ခာရှိရှိနဲ့ ကျခဲ့တယ် ဆိုတာ မိမိတို့ရဲ့ ယုံကြည်ချက်အရ အသက်ကို စတေးသွားတဲ့သူများဟာ သိက္ခာရှိရှိနဲ့ ကျခဲ့တဲ့သူတွေပဲ၊ သိက္ခာ မဲ့စွာ ကျတယ်ဆိုတာ ကိုယ့်ရဲ့ ယုံကြည်ချက်ကို ကိုယ်မရပ်တည်နိုင်တာကြောင့် ကျမတို့ကို စွန့်ခွာသွားတဲ့ သူ တွေပဲ၊ တချို့ကျတော့ မစွန့်ခွာသယောင်ယောင်နဲ့ ကျမတို့အပေါ်မှာ သစ္စာဖောက်ပြီးတော့ ဆက်ပြီးတော့ နေ နေတဲ့သူတွေ ရှိတယ်။ အဲဒီသူတွေကပြောင်ပြောင်တင်းတင်းနဲ့ ဖယ်ခွာသွားတဲ့ သူတွေထက် ပိုပြီးတော့ အောက် တန်းကျတယ်လို့ ကျမတော့ ဒီလိုပဲ သတ်မှတ်တယ်။ ကိုယ့်ရဲ့ ယုံကြည်ချက်အရ ကိုယ် သတ္တိရှိရှိနဲ့ ဆက်ပြီးတော့ လုပ်ချင်တယ်ဆိုရင်၊ အဖွဲ့ချုပ်ရဲ့ မူတွေကို လက်မခံ နိုင်ဘူးဆိုရင် အဖွဲ့ချုပ်ရဲ့ လုပ်ရပ်တွေအရ မလုပ်နိုင်ဘူးဆိုရင် အဖွဲ့ချုပ်ရဲ့ ဂုဏ်ရှိတဲ့ နာမည်ကိုတော့ ဆက်ပြီး တော့ မသုံးပါနဲ့လို့ ကျမ ပြောချင်တယ်။ ___________ ဘာမှမလုပ်ပဲနဲ့ ခံရတယ်ဆိုတာတော့ အဓိပ္ပါယ်ကို လုံးလုံးမရှိဘူး၊ ခံရဲတာ သတ္တိဆိုတာ ကိုယ်လုပ်ရင် ကိုယ်ခံ ရဲတယ်ဆိုတာကို ပြတာ၊ ဘာမှ မလုပ်ပဲနဲ့ ခံနေတာကို ပြောတာမဟုတ်ပါဘူး၊ ကျမတို့လည်း တကယ်တော့ လုပ်နေ တာပဲ၊ လုပ်နေတယ်ဆိုတာ အမျိုးမျိုးပေါ့၊ ဟောပြောပွဲ လုပ်တယ်ဆိုတာလည်း လုပ်တာပဲ၊ ဒီလို ဆွေး နွေးပွဲလုပ်တယ်ဆိုတာလည်း လုပ်တာပဲ၊ ဒီတော့ ဒီမှာတင်မကဘူး၊ ဒီခြံထဲမှာတင်မကဘူး၊ ဒီရန်ကုန်မှာ တင်မကဘူး၊ ဒီပုသိမ်မှာတင်မကဘူး၊ ဒီ တိုင်းတတိုင်းမှာ တနိုင်ငံလုံးမှာ တချိန်လုံး လုပ်နေရမယ်၊ လုပ်လို့ခံရ မယ် ဆိုရင်လည်း ခံပေါ့၊ တကယ့် စည်းရုံးရေးအင်အား ဆိုတာဟာ ကိုယ့်ရှေ့က ဘယ်နှစ်ယောက်ပဲ ပါသွား သွား နောက်ကတက်နိုင်မယ့် ရဲဘော်တွေလည်း ရှိရမယ်၊ ဒါ ကျမ ၁၉၈၈ ကတည်းက ပြောခဲ့တာပါ၊ ကျမတို့ စည်းရုံးရေး ထွက်တဲ့အခါကျရင် မြို့နယ်တွေက အဖွဲ့ဝင်အရေအတွက် ဘယ်လောက်ရပြီ၊ ဘယ်နှစ် ယောက်ရပါပြီ၊ ဘယ်နှစ်ထောင်ရပါပြီ၊ ဘယ်နှစ်သောင်း ရပါပြီ၊ ဒီလိုပဲ ပြောတယ်၊ ကျမပြောပါတယ်၊ ဒီ ထောင်နဲ့ သောင်းနဲ့ ပြောနေလို့ အလကားပဲ၊ ထောင်ဂဏန်းပဲရှိရှိ၊ သောင်းဂဏန်းပဲရှိရှိ။ သောင်းဂဏန်းပဲရှိရှိ ဒါတွေဟာ အဓိကကျတာ မဟုတ်ပါဘူး၊ ဒီအဖွဲ့ဝင်တွေထဲမှာ တကယ် ထိထိရောက်ရောက် လုပ်နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ၊ အရှေ့တန်းကနေ ပါသွားလို့ရှိရင် နောက်တခါ ဒုတိယလိုင်းကနေ လိုက်နိုင်တဲ့သူ ဘယ် နှစ်ယောက်ရှိလဲ၊ ဒါဟာ အဓိကပဲ၊ ကျမတို့ စည်းရုံးရေး လုပ်တဲ့အခါ ကိုယ်က လုပ်တဲ့သတ္တိရှိလွန်းလို့ ခံသွားရ လို့ရှိရင် ကိုယ့်နောက်ကနေလည်း လုပ်မယ့်သူတွေရှိအောင်တော့ စည်းရုံးထားရမယ်၊ နောက်ဆုံးတော့ ကျမ တို့ရဲ့စည်းရုံးရေးဟာ ပြည်သူလူထု စည်းရုံးရေးပဲ၊ ပြည်သူလူထု အများစုကနေပြီးတော့ မားမားမတ်မတ်နဲ့ အဖွဲ့ ချုပ် အနောက်ကနေပြီးတော့ ရပ်တည်နေမယ်ဆိုရင် ကျမတို့လုပ်ငန်းဟာ မုချ အောင်မြင်ရမယ်။ အခု အကျယ်ချုပ်အားဖြင့်တော့ ၄၆ သန်းလုံးပေါ့လေ၊ ၄၆ သန်းလုံး အကျယ်ချုပ် ချုပ်ခံနေရတယ်လို့ ဒီလိုပဲပြောရမှာပဲ၊ ဒါပေမယ့် ထောင်တွေထဲကိုတော့ ၄၆ သန်းမပြောနဲ့ ၁ သန်းတောင်မှ ထည့်နိုင်မှာ မဟုတ်ပါဘူး၊ ထောင်ထဲကိုဝင်ရဲတယ်ဆိုတဲ့ လူ ၁ သန်း၊ ထောင်ချရင်ချ လုပ်မယ်ဆိုတဲ့ လူ ၁ သန်းရှိမယ် ဆိုလို့ရှိရင်တောင် ကျမတို့ရဲ့ လှုပ်ရှားမှုဟာ မကြာခင် အောင်မြင်မှာပါ၊ အဲဒီတော့ လူ ၁ သန်း စည်းရုံးဖို့ဟာ ဒီလောက် ခက်သလား၊ တကယ်တော့ကျမတို့ အဖွဲ့ချုပ်ဝင် စာရင်းထဲမှာ ၁ သန်းထက်မက ရှိခဲ့ပါတယ်၊ ဒီ ၁ သန်း ထက်မက ရှိတဲ့လူစာရင်းထဲမှာ ဘယ်နှစ်ယောက်က ထိထိရောက်ရောက် တကယ်ပဲ အနစ်နာခံပြီးတော့ လုပ် နိုင်တာလည်းဆိုတာ ဒါကို ကျမတို့ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်၊ ၁ သန်းတောင် မလိုဘူး၊ ၁ သောင်း ဆိုရင်တောင်မှ မနည်းပါဘူး၊ ကျမတို့ အခု အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသမားများဟာ ၂၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းရတယ်၊ တချို့ကလည်း ၁ ထောင်ကျော် ရှိမယ်၊ တချို့ကလည်း ၃ ထောင် လောက်ရှိမယ်ဆိုတော့ ပျမ်းမျခြင်းအားဖြင့် ၂ ထောင်လောက် ရှိမယ် ဆိုပါတော့၊ ဒီနိုင်ငံရေး အကျဉ်းသမားများဟာ ၂ ထောင်လောက်ရှိတယ် ဆိုတာတောင်မှ ကျမတို့ရဲ့ လှုပ်ရှားမှုကို တကမ္ဘာလုံးက အသိအမှတ်ပြုလိုက်နိုင်တဲ့ အခြေအနေထိ ကျမတို့ လုပ်နိုင်ခဲ့တယ်၊ နိုင်ငံရေးအကျဉ်းသမားများ ၁ သောင်းလောက် ရှိနိုင်တဲ့အခြေအနေအထိ (ဒါကတော့ ထောင်ထဲမှာ နေရာရှိတာမရှိတာ ပြောတာ မဟုတ်ဘူးနော်) ထောင်ချရင်ချဆိုတဲ့ လူ ၁ သောင်းလောက်ရှိတယ်ဆိုရင်တော့ ဘာမှပြောစရာ မလိုဘူး၊ ကျမ တို့ အောင်မြင်ရမှာ မုချပဲ၊ မြန်မြန်ဖြစ်ရမယ်၊ အနှေးနဲ့ အမြန်တော့ အောင်မြင်မယ်လို့ ကျမတို့ ယုံကြည်တယ်။ ___________ အကောင်းဆုံးကို မျော်လင့်ပြီးတော့ အဆိုးဆုံးအတွက် အမြဲ ပြင်ဆင်ထားရမယ်ဆိုတာ ၊ ဒါ ကျမ ခဏခဏ ပြောခဲ့ဖူးတာပဲ၊ နိုင်ငံရေးသမား အားလုံးဟာ ဒီ ဆောင်ပုဒ်လေးကို ကိုယ့်ရဲ့ ကုတင်ခေါင်းရင်းမှာ ချိတ်ထား သင့်တယ်၊ အမြဲတမ်း အကောင်းဆုံးအတွက် မျော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်၊ ဒီလို စိတ်ဓါတ် နဲ့ ကျမတို့လုပ်မှ အောင်မြင်မှုရှိမှာပါ၊ နောက်ပြီးတော့လည်း ဒီလိုနိုင်ငံရေးအတွက် ကိုယ့်ရဲ့ ဘ၀ကို အနစ်နာခံ စွန့်လွှတ်ရတယ်ဆိုတာ ဒါ အင်မတန် မှ သိက္ခာရှိပါတယ်၊ အင်မတန်မှလည်း ကျေနပ်မှုရှိစရာပါ၊ အားလုံး ပြန်ပြီးတော့ စဉ်းစားကြပါ၊ ဒီဘ၀မှာ ဘာ လိုချင်ကြလဲ၊ မွေးလာတယ်၊ ကြီးလာတယ်၊ နေသွားတယ် အိုသွားတယ်- ဒါပဲလားလို့ ကျမတို့ အများကြီး စဉ်းစားစရာ ဖြစ်တယ်၊ ဒီဘ၀မှာ လူဖြစ်လာပြီဆိုမှဖြင့် ဘာအတွက် လူဖြစ်လာတယ် ဆိုတာ ကျမတို့ စဉ်းစားဖို့ လိုပါ တယ်။ ___________ Daw Aung San Suu Kyi Daw Aung San Suu Kyi nyinyi111

70th DE-PAE-YIN ASSASANATION

အတုအယောင်ဆောင်နအဖစိတ်ကြိုက်ရေး တဲ့ နိုင်ငံတော်ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံ မူ တဲ့ ဗျို့ 

နအဖ ရေးတဲ့ စစ်တပ် တမတ်သား မိုက်ကြေးခွဲထားတဲ့ နိုင်ငံတော်ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမူ အတု ကြီး ပါ ။ ဘာတွေ ညာဖျန်းရေးထားတာ..ဖတ်ကြည့်ကြပါဗျာ..ဖနောင့်နဲ့ ပေါက်ချင်စရာ ကောင်းမကောင်း ခင်ဗျားတို့ဘဲစဉ်းစားတွေးကြည့်ကြစမ်းပါအုံးဗျာ။...UNION BOOK

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

The Universal Declaration of Human Rights in Burmese[1] The Universal Declaration of Human Rights in Burmese[1] thanhtutaung

May 3, 2009

နာမည်ကျော် ဂျပန်အဆိုတော်များမှ နာဂစ်ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်


သီချင်းများကို ကိုယ်တိုင်ရေးစပ်သီကုံးပြီး စန္ဒရားကို ကိုယ်တိုင်တီးခတ်ဖျော်ဖြေလေ့ရှိသည့် နာမည်ကျော် ဂျ ပန်အဆိုတော် Tomoe Sawa မှ ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန် တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် တိုကျို မြို့၊ Shibuya ရပ်ရှိ Tower Records Vedio and Books ရောင်းချ သည့် စင်တာတွင် မေလ ၂ ရက်(စနေနေ့)က အခမဲ့ သီဆိုဖျော်ဖြေသွားခဲ့သည်။

''Kokoro, Iiuta Iroiro, When I was most Beautiful'' စီးရီးများဖြင့် နာမည်ကျော် အဆိုတော်တဦးဖြစ်လာခဲ့ သည့် ကိုးရီးယားကပြားလူမျိုး Tomoe Sawa မှ ဂျပန်သီချင်း၊ ကိုယ်တိုင်ရေး ကိုးရီးယားနှင့် အင်္ဂလိပ်သီချင်း များအပါအဝင် သီချင်းစုစုပေါင်း ၉ ပုဒ်ကို အားပါးတရဖျော်ဖြေသွားပြီး သီးချင်းတပုဒ်နှင့်တပုဒ်ကြားတွင် သူမ လေ့လာထားသည့် မြန်မာပြည်အရေး၊ နအဖစစ်အာဏာရှင်တော်လှန်ရေး၊ သံဃာသပိတ်အရေးနှင့် နာဂစ်မုန် တိုင်းတိုက်ခတ်ခဲ့ခြင်းကြောင့် မြန်မာပြည်သူများ အတိဒုက္ခရောက်ရခြင်းအကြောင်းများကိုပါ ဟောပြောသွားခဲ့ သည်။

''ပရိသတ်ထဲက မြန်မာပြည်ကို ရောက်ဖူတဲ့သူများရှိပါသလား။ ကျမတော့ မရောက်ဖူးသေးပါဘူး။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာပြည်ကို ရောက်ဖူးတဲ့သူများရှိရင် ဂုဏ်ယူပါတယ်လို့ ပြောပါရစေရှင်၊ ပြီး တော့ ဒီ Concert ပွဲကိုလည်း ပြီးဆုံးတဲ့အထိ အားပေးကြပါလို့ ပြောပါရစေရှင့် ...'' ဟု ချိုသာစွာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဂျပန်အနုပညာရှင် Ito Seiro San နှင့်တွဲဖက်၍ ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးစပ်ထား သည့် Free Daw Aung San Suu Kyi အမည်ရှိ ကဗျာရွတ်ဆိုမှုကိုပါ ပြုလုပ်သွားခဲ့သည်။

ဂျပန်ပရိသတ် ၂ဝဝ ကျော်မှ စိတ်ပါဝင်စားစွာ ခန်းလုံးပြည့်လာရောက်အားပေးခဲ့ကြပြီး သူမ၏ နာဂစ်ရန်ပုံငွေ စီဒီအခွေကို တချပ်လျှင် ယန်း ၁၈ဝဝ ဖြင့် ရောင်းချခဲ့သည်။ ရရှိသည့်အမြတ်ငွေများကို မုန်တိုင်းကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ ပေးပို့လှူဒါန်းသွားမည်ဟု သိရှိရပြီး “မြန်မာ့ရေးရာပြည်သူ့အဖွဲ့ People Forum Of Burma (PFB-Japan)” တဆင့် စီစဉ်ပေးသွားမည်ဟု သိရှိရသည်။
ပေးပို့ - MTK Library